Saturday, June 20, 2015

ကျွန်​ ​တော့်​ စိတ်​ကူး

✏ ယုံကြည်​ ကိုးကွယ်​ သူအတွက်
ဘုရားဟာ မရှိ မဖြစ်​ သလို..
ဘုရား အတွက်​လည်း..
ယုံကြည်​ ကိုးကွယ်​ သူဆိုတာ
မရှိလို့ မဖြစ်​ပါ..✏

အမည်​ မသိ

လွမ်းတယ်​...
တရှိုက်​မက်​မက်​ ကွန့်​မြူးထားရတဲ့
စိတ်​ကူးထဲက ပင်​လယ်​ကို...

ကိုယ်​က အပြုံး​တွေ စုတက်​သူ ဆိုကာမှ
သူမ မျက်​ဝန်းမှာ ပုလဲ ​တွေ ခဏခဏ ဥတယ်​..
လွမ်းလို့တဲ့.....

ဟုတ်​ပါတယ်​.. ကိုယ့်​ရဲ့
သူမလက်​ကို တွဲ​လျှောက်​မယ့်
မျှော်​လင့်​ ချက်​ကလည်း
မြောက်​ပြန်​​လေ ပြင်းပြင်း ထဲ
အခုထက်​ထိကို
ဆောင်းတွင်းကြီးလို ​အေးခဲ​နေတုန်းပဲ​လေ
ရင်​ဘက်​နှစ်​ခုစာ အကွာ​ဝေး ဆို​ပေမယ့်
အပူအ​အေး မမျှတဲ့ ကမ္ဘ္ဘာထဲ
မျှော်​လင့်​ ခြင်းက ​နေလိုမှ မသာ​သေး​တော့လဲ...
ကိုယ်​တို့ အချစ်​​တွေ အစာမ​ကြေဖြစ်
ရင်​ပြည့်​​နေတဲ့ အလွမ်း​တွေ တနင့်​နင့်​နဲ့​ပေါ့..
ချစ်​သူ နှုတ်​ခမ်း မှာ အိပ်​မက်​ တည်​ဖို့..
ကိုယ့်​​ကောင်းကင်​မှာ နက္ခတ်​ မှ မစုံ​သေးတာ..
ဒါ​ကြောင့်​ များ..
လွမ်းဆွတ်​ ခြင်း​တွေ တဖွဲဖွဲ ​ကြွေကျ
ဟော့ဒီညမှာ ဘယ်​ကြယ်​မှ လှ မ​နေကြ​လေသလား..
ကမ္ဘာ့ ဆွဲအားသာ မရှိရင်
သူမ အနားမှာ ပျံဝဲ
မျှော်​လင့်​ ခြင်း​တွေ ဖြန့်​ကျဲ ပစ်​ချင်​တယ်
နှစ်​​ယောက်​ တစ်​အိမ်မက်ထဲမှာ
ပျောက်​သွားတဲ့ ကိုယ့်​နံရိုးလို
သူမကိုပဲ မြတ်​နိုးချင်​လို့..
ခလုပ်​ ကန်​သင်းများတဲ့ ဘဝဆို​တော့လည်း
ချစ်​သူ နဖူး​ပေါ် စိတ်​ကူးနဲ့...
လေ​ပြေဖြတ်​သန်းရတာ..
ရင်​​မောတယ်​..
တကယ်​တမ်းကျ​တော့
သူမနှုတ်​ခမ်းမှာ..ကိုယ့်​အတွက်​..
နေတခါမှ မထွက်​ဖူး​သေးဘူး​လေ...


       အမည်​ မသိ..
မူရင်း ပိုင်​ရှင်​ကို credit ​ပေးပါတယ်​..
လေးစားစွာဖြင့်​..ကိုထိုက်

မိသားစု....

မိသားစု ဆိုတာ...
တ​ယောက်​​ရှေ့​ရောက်​ဖို့...
တ​ယောက်​ ​နောက်​ဆုပ်​ရတယ်​...
သစ်​ကိုင်းတကိုင်း တိုးထွက်​ဖို့...
သစ်​ကိုင်း တကိုင်း အခုတ်​ခံရတယ်​..
မိသားစု သီချင်း ဟာ..အတက်​အဆင်းရှိတယ်​...
သံစုံ မြည်​တယ်​!

မိသားစု ဆိုတာ...
လူ​ခြောက်​​ယောက်​ ရှိလည်း..​ခြောက်​​ယောက်​..
လက်​ဆယ်​​ချောင်းရှိ လက်​ဆယ်​​ချောင်း..
ခေတ်​က ​တောင်းဆိုတဲ့ အတိုင်း လှုပ်​ရှားရတယ်​..
အိမ်​ရှိ လူအကုန်​...
လဲကျ သွားတဲ့ ငါ့အ​ဖေ ​နေရာက..
ငါ့ညီ​လေး ဝင်​ခဲ့တယ်​..
ယိုင်​နဲ့သွားတဲ့ ငါ့အ​မေရဲ့​နေရာက
ငါ့ညီမ​လေး ဝင်​ခဲ့တယ်​..
မိသားစု ကို ငါမမြင်​ဘူး...

ငါ့အ​တွေး အ​ခေါ်က သားသမီး ဆိုတာ
သီးခြား ရှင်​သန်​ရတဲ့ ဘဝတခု
ငါက လမ်း​ပေါ်မှာ ကြီးပြင်းခဲ့လို့
လမ်းနဲ့ ​သွေးသား​တော်​စပ်​တယ်​လို့ ထင်​တယ်​...

ငါ့မိသားစုမှာ..ငါဟာ..မလင်းတဲ့မီး..
ငါ့မိသားစုမှာ.. ငါဟာ..မလုံခြုံတဲ့ ထရံ..
ငါ့ကြိုးကို တီးခတ်​လိုက်​တိုင်း..အသံ​ကြောင်​ ထွက်​တယ်​..
ငါ့မိသားစုမှာ.. .
     မိုးယို ​ပေါက်​က​လေး တ​ပေါက်​ ရှိ​နေတယ်​ ဆိုရင်​လည်း..ငါပဲ ဖြစ်​မှာ...
ငါ့မိသားစုမှာ.. .
    ကြမ်းခင်းတ​ပေါက်​ ကျိုးပဲ့​နေတယ်​ ဆိုလည်း..ငါပဲ ဖြစ်​မှာ..
မ​အောင်​မြင်​တဲ့ ​ဘောလုံး အသင်းဟာ...
ငါ့မိသားစုပဲ...
မဝင်​တဲ့ ဂိုး​တွေက ငါသွင်းခဲ့တာ...

                           စိုင်းဝင်းမြင့်

Monday, January 5, 2015

တွေးမိတိုင်း

တရားမျှတ လွတ်​လပ်​ခြင်းနဲ့ မ​သွေ တို့​ပြေ...တို့​မြေ.....

ဆိုတဲ့ နိုင်​ငံ​တော်​ သီချင်း ​ခြေဆင်း အပိုဒ်​ကို နား​ထောင်​ မိတိုင်း.....

ဒါတို့ ​ပြေ..ဒါတို့ ​မြေ တို့ပိုင်​တဲ့ ​မြေလို့....က​လေး​တွေ အားပါးတရ သီဆို သံ ကြား မိတိုင်း...

အင်္ဂလိပ်​ လက်​​အောက်​မှာ ကျွန်​ဖြစ်​ဖူးတာကို ​တွေးမိတိုင်း.. .

ကိုယ့်​နိုင်​ငံမှာ...သခင်​ ဖြစ်​​နေတာလားလို့...​တွေးမိတိုင်း..

မေ့ရဲ့ အိမ်​အို​ဟောင်း​လေး..အ​ကြောင်း​တွေးမိတိုင်း...

တိုင်းတစ်​ပါး မှာ လူမျိုးခြား ​တွေရဲ့ နင်း​ခြေမှူ့ ခံ​နေရတိုင်း...

မှတ်​ပုံတင်​ရဲ့...အလုပ်​အကိုင်​ ​နေရာမှာ...လယ်​...လို့ ဖတ်​မိတိုင်း..

လယ်​ယာမပိုင်​ပဲ...လယ်​သမား ဖြစ်​​နေတဲ့...ကျွန်​​တော့ ဘ၀ကို ​တွေးမိတိုင်း.. ..

မြန်​မာ ဆိုပြီး...တိုင်းတပါးမှာ...​နေရတဲ့ အဖြစ်​ကို ​တွေးမိတိုင်း.. .

ပြည်​​ထောင်​စု ကို အသက်​​ပေး လို့ တို့ကာကွယ်​မ​လေ...

ကျော်​လိုက်​ကြဗျာ...အဲ့ဒီ စာသား..မကြိုက်​ဘူး...

တို့​ပြေရဲ့...စစ်​​ရေးပြ အခမ်းအနား ​တွေ မြင်​မိတိုင်း...

မီး​လောင်​ ပြီး ​ပျောက်​သွားတဲ့ တိုင်းရင်းသား..​ကျေးရွာ ​လေး​တွေ အ​ကြောင်း ​တွေးမိတိုင်း.. .

အဖိနှိပ်​ ခံရရင်​ ဘယ်​ကို တိုင်​ရမလဲ စဉ်းစား တိုင်း...

ကျွန်​​တော်​...စိတ်​​တွေ အရိုင်း ဆန်​လာတယ်​...

သမီးကို ​ကျောင်းမုန့်​ဖိုး ​ပေးတဲ့ မနက်​တိုင်း...၂၀၀၀ နဲ့ ​လောက်​တယ်​ ဆိုတဲ့ အသံ​တွေ ကြားမိတဲ့အခါ....

ကျွန်​​တော်​ဗျာ....လူဖြစ်​ရှုံးသလို ခံစားရတယ်​.. ..