တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ တို့ပြေ...တို့မြေ.....
ဆိုတဲ့ နိုင်ငံတော် သီချင်း ခြေဆင်း အပိုဒ်ကို နားထောင် မိတိုင်း.....
ဒါတို့ ပြေ..ဒါတို့ မြေ တို့ပိုင်တဲ့ မြေလို့....ကလေးတွေ အားပါးတရ သီဆို သံ ကြား မိတိုင်း...
အင်္ဂလိပ် လက်အောက်မှာ ကျွန်ဖြစ်ဖူးတာကို တွေးမိတိုင်း.. .
ကိုယ့်နိုင်ငံမှာ...သခင် ဖြစ်နေတာလားလို့...တွေးမိတိုင်း..
မေ့ရဲ့ အိမ်အိုဟောင်းလေး..အကြောင်းတွေးမိတိုင်း...
တိုင်းတစ်ပါး မှာ လူမျိုးခြား တွေရဲ့ နင်းခြေမှူ့ ခံနေရတိုင်း...
မှတ်ပုံတင်ရဲ့...အလုပ်အကိုင် နေရာမှာ...လယ်...လို့ ဖတ်မိတိုင်း..
လယ်ယာမပိုင်ပဲ...လယ်သမား ဖြစ်နေတဲ့...ကျွန်တော့ ဘ၀ကို တွေးမိတိုင်း.. ..
မြန်မာ ဆိုပြီး...တိုင်းတပါးမှာ...နေရတဲ့ အဖြစ်ကို တွေးမိတိုင်း.. .
ပြည်ထောင်စု ကို အသက်ပေး လို့ တို့ကာကွယ်မလေ...
ကျော်လိုက်ကြဗျာ...အဲ့ဒီ စာသား..မကြိုက်ဘူး...
တို့ပြေရဲ့...စစ်ရေးပြ အခမ်းအနား တွေ မြင်မိတိုင်း...
မီးလောင် ပြီး ပျောက်သွားတဲ့ တိုင်းရင်းသား..ကျေးရွာ လေးတွေ အကြောင်း တွေးမိတိုင်း.. .
အဖိနှိပ် ခံရရင် ဘယ်ကို တိုင်ရမလဲ စဉ်းစား တိုင်း...
ကျွန်တော်...စိတ်တွေ အရိုင်း ဆန်လာတယ်...
သမီးကို ကျောင်းမုန့်ဖိုး ပေးတဲ့ မနက်တိုင်း...၂၀၀၀ နဲ့ လောက်တယ် ဆိုတဲ့ အသံတွေ ကြားမိတဲ့အခါ....
ကျွန်တော်ဗျာ....လူဖြစ်ရှုံးသလို ခံစားရတယ်.. ..