ko htike
Friday, November 13, 2015
Saturday, June 20, 2015
ကျွန် တော့် စိတ်ကူး
✏ ယုံကြည် ကိုးကွယ် သူအတွက်
ဘုရားဟာ မရှိ မဖြစ် သလို..
ဘုရား အတွက်လည်း..
ယုံကြည် ကိုးကွယ် သူဆိုတာ
မရှိလို့ မဖြစ်ပါ..✏
အမည် မသိ
လွမ်းတယ်...
တရှိုက်မက်မက် ကွန့်မြူးထားရတဲ့
စိတ်ကူးထဲက ပင်လယ်ကို...
ကိုယ်က အပြုံးတွေ စုတက်သူ ဆိုကာမှ
သူမ မျက်ဝန်းမှာ ပုလဲ တွေ ခဏခဏ ဥတယ်..
လွမ်းလို့တဲ့.....
ဟုတ်ပါတယ်.. ကိုယ့်ရဲ့
သူမလက်ကို တွဲလျှောက်မယ့်
မျှော်လင့် ချက်ကလည်း
မြောက်ပြန်လေ ပြင်းပြင်း ထဲ
အခုထက်ထိကို
ဆောင်းတွင်းကြီးလို အေးခဲနေတုန်းပဲလေ
ရင်ဘက်နှစ်ခုစာ အကွာဝေး ဆိုပေမယ့်
အပူအအေး မမျှတဲ့ ကမ္ဘ္ဘာထဲ
မျှော်လင့် ခြင်းက နေလိုမှ မသာသေးတော့လဲ...
ကိုယ်တို့ အချစ်တွေ အစာမကြေဖြစ်
ရင်ပြည့်နေတဲ့ အလွမ်းတွေ တနင့်နင့်နဲ့ပေါ့..
ချစ်သူ နှုတ်ခမ်း မှာ အိပ်မက် တည်ဖို့..
ကိုယ့်ကောင်းကင်မှာ နက္ခတ် မှ မစုံသေးတာ..
ဒါကြောင့် များ..
လွမ်းဆွတ် ခြင်းတွေ တဖွဲဖွဲ ကြွေကျ
ဟော့ဒီညမှာ ဘယ်ကြယ်မှ လှ မနေကြလေသလား..
ကမ္ဘာ့ ဆွဲအားသာ မရှိရင်
သူမ အနားမှာ ပျံဝဲ
မျှော်လင့် ခြင်းတွေ ဖြန့်ကျဲ ပစ်ချင်တယ်
နှစ်ယောက် တစ်အိမ်မက်ထဲမှာ
ပျောက်သွားတဲ့ ကိုယ့်နံရိုးလို
သူမကိုပဲ မြတ်နိုးချင်လို့..
ခလုပ် ကန်သင်းများတဲ့ ဘဝဆိုတော့လည်း
ချစ်သူ နဖူးပေါ် စိတ်ကူးနဲ့...
လေပြေဖြတ်သန်းရတာ..
ရင်မောတယ်..
တကယ်တမ်းကျတော့
သူမနှုတ်ခမ်းမှာ..ကိုယ့်အတွက်..
နေတခါမှ မထွက်ဖူးသေးဘူးလေ...
အမည် မသိ..
မူရင်း ပိုင်ရှင်ကို credit ပေးပါတယ်..
လေးစားစွာဖြင့်..ကိုထိုက်
မိသားစု....
မိသားစု ဆိုတာ...
တယောက်ရှေ့ရောက်ဖို့...
တယောက် နောက်ဆုပ်ရတယ်...
သစ်ကိုင်းတကိုင်း တိုးထွက်ဖို့...
သစ်ကိုင်း တကိုင်း အခုတ်ခံရတယ်..
မိသားစု သီချင်း ဟာ..အတက်အဆင်းရှိတယ်...
သံစုံ မြည်တယ်!
မိသားစု ဆိုတာ...
လူခြောက်ယောက် ရှိလည်း..ခြောက်ယောက်..
လက်ဆယ်ချောင်းရှိ လက်ဆယ်ချောင်း..
ခေတ်က တောင်းဆိုတဲ့ အတိုင်း လှုပ်ရှားရတယ်..
အိမ်ရှိ လူအကုန်...
လဲကျ သွားတဲ့ ငါ့အဖေ နေရာက..
ငါ့ညီလေး ဝင်ခဲ့တယ်..
ယိုင်နဲ့သွားတဲ့ ငါ့အမေရဲ့နေရာက
ငါ့ညီမလေး ဝင်ခဲ့တယ်..
မိသားစု ကို ငါမမြင်ဘူး...
ငါ့အတွေး အခေါ်က သားသမီး ဆိုတာ
သီးခြား ရှင်သန်ရတဲ့ ဘဝတခု
ငါက လမ်းပေါ်မှာ ကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်...
ငါ့မိသားစုမှာ..ငါဟာ..မလင်းတဲ့မီး..
ငါ့မိသားစုမှာ.. ငါဟာ..မလုံခြုံတဲ့ ထရံ..
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း..အသံကြောင် ထွက်တယ်..
ငါ့မိသားစုမှာ.. .
မိုးယို ပေါက်ကလေး တပေါက် ရှိနေတယ် ဆိုရင်လည်း..ငါပဲ ဖြစ်မှာ...
ငါ့မိသားစုမှာ.. .
ကြမ်းခင်းတပေါက် ကျိုးပဲ့နေတယ် ဆိုလည်း..ငါပဲ ဖြစ်မှာ..
မအောင်မြင်တဲ့ ဘောလုံး အသင်းဟာ...
ငါ့မိသားစုပဲ...
မဝင်တဲ့ ဂိုးတွေက ငါသွင်းခဲ့တာ...
စိုင်းဝင်းမြင့်