Tuesday, December 30, 2014
လိပ်ပုံ့ပြင်
တခါတုန်းက....ရေနည်းနေတဲ့ ကန်ထဲက လိပ်တကောင်ကို ဟင်္သာငှက် မောင်နှံက
ကယ်ဖို့ စိတ်ကူးတယ်.. .သစ်ကိုင်းခြောက် တခုကို.. .တဖက် အဖျားစီက ကိုက်ချီပြီး
လိပ်ကို အလယ်က ကိုက်စေပြီး..သယ်မသွားကြသတဲ့...ရွာကိုလည်း
ဖြတ်ကြကော...နွားကျောင်းသားလေးတွေက အော်ကြတယ်တဲ့...ငါတို့
စားစရာလိပ်ကို ဟင်္သာငှက်တို့ ချီသွာပီတဲ့ လိပ်ကလည်း
ကြားကော..နင်တို့. ငါ့အသား ကို ဘယ်တော့ မှ စားရမှ
မမဟုတ်ဘူး လို့ ပြောဖို့ ပါးစပ်ဟ လိုက်တာ..ပြုတ်ကျ
သေပါလေရော........
နောက် တကြိမ်လည်း....ဟင်္သာတို့က တခြားကန်က လိပ်ကိုကယ်ဖို့ ကြိုးစာ
ကြသေးတယ်....အရင် တခါကတော့ အမှားဖြစ်ဖူးတာကို သင်ခန်းစ
ယူ ပြီးမမှားရ အောင်ကြိုးစားကြတာပေါ့...အခုတခါလည်း အရင်လိုသစ်ကိုင်းခြောက်
နဲ့ ပဲပေါ့.. .ခုနကလို ရွာကို ဖြတ်တယ်
နွားကျောင်းသားတွေ တွေ့ပါလေကော...ဒီတခါလည်း
အော်ကြ ပြန်ပါ ကော...ဟင်္သာငှက် တွေက ကျောက်ပျဉ်
ကို ချီသွားကြပြီတဲ့....အသံလည်း ကြားကော
ဟင်္သာ အမ က ဘာပြန်ပြောလည်း ဆိုတော
ကျောက်ပျဉ်မဟုတ်ဘူး လိပ်ဟေ့ လို့ ပြောမလို့
ပါးစပ်ဟဟလိုက်တာ...ကိုရွှေလိပ် ကျသေ ပြန်ပါကော
ဘ၀မှာ ကိယ့်ကြောင့် ပျက်စီး တက်သလို...
သူတပါးရဲ့မဆင်ခြင် တာကလည်း ပျက်စီး စေတာပါပဲ..
ဝေဖန်ဖို့ နဲ့ ဆင်ခြင် ဖို့ပါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment